Saturday, October 21, 2017

ရေလိုအပ်သောအချိန် ရေလောင်းပါ



ရေလိုအပ်သောအချိန် ရေလောင်းပါ



ရေဆိုသည်မှာ အပင်များသာမက သတ္တလောကတစ်ခုလုံးအတွက် အင်မတန်အရေးပါ သော အရာဖြစ်သည်။ထို့ကြောင့် ရေသည် သက်ရှိတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အရာ ဖြစ်သည်။
          အပင်တွင် အစာကြောနှင့်ရေကြောဟူ၍ (၂)မျိုးရှိသည်။ရေကြောသည် အပင်၏ အတွင်းပိုင်းတွင် ရှိပြီး အစာကြောသည် အပင်၏ အပြင်ပိုင်း အခေါက်၏ အတွင်းအနီးအနား တွင် ရှိသည်။အပင်သည် ရေကြောမှ ရေ၊ဓာတ်ဆားများ၊အော်ဂဲနစ် နိုက်ထရိုဂျင်များ နှင့် အပင် များအတွက် လိုအပ်သော ဟော်မုန်းများ၊အာဟာရဓာတ်များကို မြေကြီးထဲမှ တစ်ဆင့်ရယူပြီး  အလင်းမှီအစာချက်လုပ်သောအပိုင်းသို့ ပို့ပေးသည်။အစာကြောသည် ချက်လုပ်ထားသော အစာ များကို အပင်၏ လိုအပ်သော အပိုင်း(အညွှန့်၊အသီးအပွင့်၊ဉ များ)သို့ ပို့ပေးသည်။
          အပင်သျှစ်ရှူးများ၏ (၅၀)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်းကို ရေဖြင့် ဖွဲ့စည်းထားသည်။ အပင်သည် လိုအပ်သော ရေကို လုံလောက်စွာ ရရှိလျှင် ပင်စည်များ တောင့်တင်းလာခြင်း၊ အရွက်များ တောင့်တင်းကျယ်လာခြင်း စသည့် အကျိုးရှိလာသောကြောင့် အရွက်မှ နေရောင် ရရှိမှုကို ပိုမိုကောင်းစေသည်။ထိုအခါ အရွက်မှ အစာချက်လုပ်မှု ပိုမိုကောင်းလာသည်။ အပင် များသည် အလင်းမှီအစာချက်လုပ်သောအခါ ကာဗိုဟိုက်ဒရိဒ်များထုတ်ရန်အတွက် ရေကို အသုံးပြုသည်။
          ရေသည် မြေကြီးအတွင်းမှ အပင်အတွက် လိုအပ်သော အာဟာရဓာတ်ပစ္စည်းများကို လိုအပ်သောနေရာ သို့ရောက်အောင် ပို့ရာတွင်လည်း အကူ(ကယ်ရီ)အဖြစ် ထမ်းဆောင်ပေး သည်။ မြေကြီးအတွင်း ရေရှိ၍ လုံလောက်သော အစိုဓာတ်ရှိလျှင် အလွယ်တကူ အညှောက် ပေါက်နိုင်သည်။ 
          မြေကြီးအတွင်းတွင် ရေရှိမှု အခြေအနေကို အပိုင်း(၃)ပိုင်းခွဲထားသည်။ပထမအပိုင်းမှာ စိုက်ခင်းအတွင်း လိုအပ်သောရေပမာဏ ပြည့်ပြည့်ဝဝရှိသော အခြေအနေ၊ဒုတိယ အပိုင်းမှာ ခတ္တအပင်ညှိုးသော အခြေအနေနှင့် တတိယအပိုင်းမှာ အပင်လုံးဝညှိုးသော အခြေအနေဟူ၍ (၃)ပိုင်းခွဲထားသည်။ မြေကြီးတွင် ရေလုံလောက်စွာ ရှိလျှင် အပင်များသည် ရေကိုအလွယ်တကူ စုပ်ယူနိုင်သည်။ထို့နောက် မြေကြီးအတွင်း ရေရှိမှု နည်းလာလျှင် အပင်မှ ရေရှိမှု နည်းလာ သည်။ထိုအခါ အပင်များခတ္တညှိုးသော အခြေအနေ ဖြစ်လာသည်။ထိုခတ္တညှိုးသော အခြေအနေ တွင် နေမပူပဲ မိုးအေးနေလျှင် (သို့မဟုတ်) ပတ်ဝန်းကျင် လေထုအတွင် အစိုဓာတ် များရှိနေလျှင်(သို့မဟုတ်) လူက ရေသွင်း(ရေလောင်း)ပေး အပင်များ ပြန်လည်း၍ မူလအတိုင်း ကောင်းမွန်လာနိုင်သည်။သို့သော် ထိုခတ္တညှိုးသော အခြေအနေရောက်နေသည်ကို လူက ဂရုမ စိုက်ဘဲ ထားလျှင် အပင်များလုံးဝညှိုးသော အခြေအနေသို့  ရောက်သွားသည်။ အပင်များ လုံးဝ ညှိုးသော အခြေအနေသို့ ရောက်သွားလျှင် ညှိုးနွမ်းခြောက်သွေ့လာပြီး တစ်ဖြေးဖြေ သေသွားသည်။ လူကရေသွင်း၍ ပြန်လည်ကုစားသော်လည်း မရတော့ပေ။
          အကယ်၍ အမြစ်အတွင်း ရေရှိသော ပမာဏသည် မြေကြီးအတွင်း ရေရှိသော ပမာဏ ထက် နည်းနေလျှင် အပင်များသည် ရေကို မြေကြီးအတွင်းမှ အမြစ်ဆီသို့ ခရီးတိုရွှေ့လျှားမှု ဖြင့် ရွှေ့လျှားသည်။ရေသည် ရှိမှု ပမာဏ များရာမှ နည်းရာသို့ စီးဆင်းသည်။ထို့နောက် အမြစ်မှ တစ်ဆင့် ပင်စည်၊ ပင်စည်မှ တစ်ဆင့် အရွက်များသို့ ခရီးရှည် ရွှေ့လျှားမှုဖြင့် စီးဆင်းသည်။ ရေသည် အရွက်သို့ ရောက်သောအခါ အနီးပတ်ဝန်ကျင် လေထုအတွင် ရေရှိမှုနည်းလျှင် အရွက်ရှိ လေရှူပေါက်များမှတစ်ဆင့် အနီးရှိ ပတ်ဝန်းကျင် လေထုအတွင်းသို့ ရေငွေ့အဖြစ် လွတ်ထွက်သွားသည်။ ထိုသို့ ရေစီးဆင်းသောအခါ  အပင်အတွက် လိုအပ်သော လိုအပ်သော အစာအာဟာရများသည်လည်း ရေနှင့်အတူ မြေကြီးအတွင်းမှ အမြစ်သို့၊ အမြစ်မှ ပင်စည်သို့၊ ပင်စည်မှ အရွက်များသို့ ရွှေ့လျှာနိုင်သောကြောင့် မြေကြီးအတွင် အာဟာရဓာတ် လုံလောက်စွာရှိနေလျှင် အပင်၌ အာဟာရဓာတ်ချို့တဲ့မှုနည်းစေသည်။(အချို့စိုက်ခင်းများတွင် မြေကြီးအတွင်း အပင်အတွက် လိုအပ်သော အာဟာရဓာတ်များ လုံလောက်စွာ ရှိသော်လည်း အာဟာရဓာတ်များကို လိုအပ်သော နေရာသို့ သယ်ယူပေးသော ရေမရှိသဖြင့် အပင်အာဟာရ ဓာတ် ချို့တဲ့မှုများ ဖြစ်လာသည်။
          ဤသို့ဖြင့် ပတ်ဝန်းကျင်တွင် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များ၊ လုံလောက် သော အပူချိန်၊လင်းတာ၊မြေချဉ်ငံဓာတ်များရှိသော်လည်း ရေမရှိလျှင် အပင်၏ အပင်ပိုင်းကြီး ထွားမှုအပြင် အပွင့်အသီးများ သီးသည့်အချိန်နှင့် ရင့်မှည့်သည့် အချိန်အထိ အပင်သက်တမ်း တစ်လျှောက်လုံးတွင်  ထိခိုက်မှု ရှိနိုင်သဖြင့် စိုက်ပျိုသူတိုင်း အပင်များကို ရေဂရုစိုက်လောင်း ကာ အရည်အသွေးကောင်းသော စိုက်ပျိုးရေးထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ကြစေရန် ရည်ရွယ်၍ “ရေလိုအပ်သောအချိန် ရေလောင်းပါ “ဟူသော ဆောင်းပါးဖြင့် အကြံပြုတင် ပြအပ်ပါသည်။

Share:

LinkWithin

Related Posts Plugin for WordPress, Blogger...

BTemplates.com

Search This Blog

Powered by Blogger.

Blog Archive

ရေလိုအပ်သောအချိန် ရေလောင်းပါ

ရေလိုအပ်သောအချိန် ရေလောင်းပါ ရေ ဆိုသည်မှာ အပင်များသာမက သတ္တလောကတစ်ခုလုံးအတွက် အင်မတန်အရေးပါ သော အရာဖြစ်သည်။ထို့ကြောင့် ရေသည် ...